Local News

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲမျိုးစုံစျေးထပ်မံမြင့်တက်

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲမျိုးစုံစျေးထပ်မံမြင့်တက်

မကွေးတိုင်း‌ဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်းကာလတူ (၁၀.၈.၂၀၂၂) ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အရည်အသွေးနှင့်ဝယ်လိုအားကြောင့် ပဲမျိုးစုံစျေးများ ထပ်မံမြင့်တက်ကာ အရောင်းအဝယ်အေးလျှက် ရှိကြောင်းသိရှိရပါသည်။ ပဲစဉ်းငုံနီ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၆၀၀ဝဝ)ကျပ်၊ ယခုတစ်ပတ်(၆၁၂ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၂ဝဝ)ကျပ်၊ ပဲတီစိမ်း (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၄၈၀ဝဝ)ကျပ် ယခုတစ်ပတ် (၄၉၀ဝဝ)ကျပ် စျေးဖြစ်သည့် အတွက်(၁၀ဝဝ)ကျပ်၊ ကုလားပဲ(HL) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၆၀ဝဝ)ကျပ် ယခုတစ်ပတ် (၆၅၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၉၅ဝဝ)ကျပ်၊ ကုလားပဲ(မြကြေး) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၆၀ဝဝ)ကျပ် ယခုတစ်ပတ် (၆၄၅ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၈၅ဝဝ)ကျပ်၊  ဘိုကိတ်ပြာ (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၃၇၀ဝဝ)ကျပ် ယခုတစ်ပတ်(၄၂၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်၊ ပဲကြီး(၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ် တွင်(၇၁၀ဝဝ)ကျပ် ယခုတစ်ပတ် (၇၂၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၁၀ဝဝ)ကျပ်တို့ အသီးသီးစျေးတက်ကာ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News